ထိုးစစ်ရပ်ဆိုင်းရေး ကန်ရောက် ကချင်တိုင်းရင်းသားတွေ ဆန္ဒပြ

( VOA News ) ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေရပ်ဖို့ အမေရိကန်ပြည်ထောင်စုရောက် ကချင်တိုင်းရင်းသားတွေ စုဝေးပြီး ၀ါရှင်တန်ဒီစီ က မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ စစ်ဘေး ဒုက္ခသည်တွေ ကို ထောက်ပံ့ရေး အကူအညီတွေ မြန်မာ စစ်တပ်ဘက်က ဖြတ်တောက်မှုတွေ မလုပ်ဖို့ တောင်းဆိုကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ အမေရိကန် အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gum San က ဗွီအိုအေကို ပြောပါတယ်။ ” ကချင်ပြည်မှာ အခုထိုးစစ်အကြီးအကျယ်ဆင်နေတဲ့ဟာကို ကျနော်တို့က ကန့်ကွက်တာပါ။ ဆန္ဒပြတာပါ။ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေတာပါ တစ်အချက်ကတော့ ငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေး နောက် ဖက်ဒရယ်ပြည်ထောင်စု ကြိုးပမ်းနေတာဟာ ကိုဖော်ဆောင်ဖို့ နောက်တခုကတော့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေကို တပ်ကနေ